Skip to Content

ဧဒင်ရိပ်မြုံ၏ ၂၅ နှစ်တာ လုပ်ငန်းများနှင့်တိုးတက်မှု


၂၀၂၁ - ယနေ့တိုင်

ဆန်းသစ်တီထွင်မှု

 group of people beside coffee table

မိသားစုအခြေပြုပညာရေးနှင့် ဆွေးနွေးတိုင်ပင်ခြင်း။

၂၀၁၄ - ယနေ့တိုင်

သုတေသန ၊ အရေးဆိုခြင်း

 

သုတေသန နှင့် အရေးဆိုခြင်း။

၂၀၀၇ - ယနေ့တိုင်

အသိပညာပေးလုပ်ငန်း

 Workflow diagram, product brief, and user goals are shown.

စီမံကိန်းများဖေါ်ဆောင်ခြင်း၊ သင်တန်းများပေးခြင်း။

၂၀၀၀ - ယနေ့တိုင်

ဝန်ဆောင်မှုများပေးခြင်း။

 a child is drawing on a piece of paper

ဝန်ဆောင်မှုများပေးခြင်း။

ရူပါရုံ

မသန်စွမ်းကလေးများကို တန်ဖိုးထားချစ်ပြီး အခွင့်အရေးလက်လှမ်းမီနေသောကြောင့် တိုးတက်နေကာ မသန်စွမ်းကလေးနှင့်အတူ ပျော်ရွှင်နေသည့်မိသားစု

အနာဂတ်မြော်မှန်းချက်

မသန်စွမ်းကလေးများအား မေတ္တာဖြင့်ဝန်ဆောင်မှုပေးရန်နှင့် အကျုံးဝင်ပျော်ရွှင်သော လူမှုဝန်းကျင်ကိုတည်ဆောက်ရန်

ရည်ရွယ်ချက်များ

၁။ မသန်စွမ်းကလေးများဖွံ့ဖြိုးတိုးတက်ရန်အတွက် အရည်အသွေးရှိ ဝန်ဆောင်မှုများ ပေးရန်
၂။ မိဘနှင့်အဓိကပြုစုသူများအား ဗဟုသုတနှင့် ကျွမ်းကျင်မှု စွမ်းရည်မြှင့်တင်ပေးရန်
၃။ မသန်စွမ်းမှုအမြင်သစ်ကို အမြင်ဖွင့်ပေးရန်
၄။ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းဖြင့် အကျုံးဝင်မှုဆိုင်ရာအလေ့အထနှင့် မူဝါဒများ ခိုင်မာလာရန်
၅။ ဧဒင်ရိပ်မြုံ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့မှုကို သေခြာစေရန်

ဆောင်ပုဒ်

မေတ္တာသည်သာ တတ်စွမ်းနိုင်တာ

တန်ဖိုးထားသောအရာများ

မေတ္တာ

မိမိတို့လုပ်ဆောင်မှုတိုင်းသည် မေတ္တာကိုဗဟိုပြုသည်။ မေတ္တာသည် လူ့ဘဝကိုပြောင်း လဲနိုင်သော အစွမ်းအထက်ဆုံး တန်ခိုးဖြစ်သည်။

မိသားစုစိတ်ထား

ဧဒင်ရိပ်မြုံ၏ အခြေခံအုတ်မြစ်သည် မိသားစုစိတ်ဓါတ်ဖြစ်သည်။

ယုံကြည်မှု

ယုံကြည်မှုတည်ဆောက်ပြီး သစ္စာရှိစွာလုပ်ဆောင်ခြင်းသည် မရှိမဖြစ်လိုအပ်မှုဖြစ် သည်။

တန်းတူအခွင့်အရေး

လူသားတိုင်း တန်းတူအခွင့်အရေးနှင့် သိက္ခာရှိပြီး လူ့ဘဝတိုင်းသည် တန်ဖိုးရှိသည်။

စုပေါင်းလုပ်ဆောင်မှု

ကျွန်ပ်တို့သည် စည်းလုံးညီညွတ်စွာဖြင့် စုပေါင်းလုပ်ဆောင်ကြသည်။

အရည်အသွေး

ဧဒင်ရိပ်မြုံသည် အဆင့်မီသောဝန်ဆောင်မှုများကို ပေးနိုင်အောင်အမြဲကြိုးစားနေပါ သည်။

ချဥ်းကပ်မှုပုံစံများ

မသန်စွမ်းမှုသည် လူ့ကိုယ်ခန္ဓာပေါ်တွင်ရှိသောချို့ယွင်းချက်များကြောင့်မဟုတ်၊ နေ့စဥ်ကျင်လည်နေကြရသော လူမှုအဖွဲ့အစည်းတွင်ကျင့်သုံးနေသော အဆင်မပြေဖြစ်နေသည့် အတားအဆီးများကြောင့် ချို့ယွင်းချင်ရှိနေသူ များရင်ဆိုင်နေရသော မစွမ်းဆောင်နိုင်သည့် ယာယီအခြေအနေတစ်ခုဖြစ်သည်။ ထိုအတားအဆီးများကိုဖယ်ရှား ပေးပါက မသန်စွမ်းသူများအနေဖြင့် ကိုယ်ကံကြမ္မာကို ကိုယ်တိုင်ဖန်တီးလာနိုင်မည်ဖြစ်သည်။

ဧဒင်ရိပ်မြုံကျင့်သုံးနေသော နှစ်လမ်းပြိုင်ချဥ်းကပ်မှုဆိုသည်မှာ မသန်စွမ်းကလေးတစ်ဦးချင်းစီ၏လိုအပ်သောဝန် ဆောင်မှုများကို အကောင်းဆုံးလက်လှမ်းမှီရရှိနိုင်အောင် လုပ်ဆောင်ပေးခြင်းနှင့်အတူ တစ်ပြိုင်တည်တွင် မသန် စွမ်းသူများအနေဖြင့် နေ့စဥ်လူမှုဝန်းကျင်တွင်အများနည်းတူ သာတူညီမျှအကျုံးဝင်လာစေနိုင်သည့်ဗျူဟာများ ချမှတ်လုပ်ဆောင်လာနိုင်အောင် ဆောင်ရွက်ခြင်းကို ဆိုလိုပါသည်။

မိသားစုအခြေပြုပညာရေးအစီအစဉ်သည် မသန်စွမ်းကလေးလိုအပ်နေသည့် ဝန်ဆောင်မှုများကို မိဘများမှစနစ် တကျလုပ်ဆောင်ပေးနိုင်ရန်နှင့် မိသားစုချမ်းသာသုခရရှိနိုင်ရေးအတွက် ဧဒင်ရိပ်မြုံမှဆန်းသစ်တီထွင်မိတ်ဆက် ပေးသော မသန်စွမ်းကလေးမိဘများအား ကျွမ်းကျင်မှုပံ့ပိုးမှုပေးသည့်အစီအစဉ် ဖြစ်သည်။

ဧဒင်ရိပ်မြုံ၏ လုပ်ငန်း
အစီအစဥ်များ

ကလေးဖွံ့ဖြိုးမှုအစီအစဥ်

မသန်စွမ်းကလေးများအားလက်လှမ်းမီချိတ်ဆက်ပြီး လိုအပ်နေသောဝန်ဆောင်မှုများပေးခြင်း ဖြင့် အကောင်းဆုံးတိုးတက်လာကြရန်နှင့် မိဘများနှင့်အဓိကပြုစုသူများအား ဗဟုသုတများနှင့် အခြေခံ ပြုစုနည်းစွမ်းရည်မြှင့်တင် ပေးရန်။

Senior Management Team

Management Team

Monthly Staff Meeting

Department regular Meeting



50,000+ companies run Odoo to grow their businesses.

Join us and make your company a better place.