Skip to Content

ဧဒင်ရိပ်မြုံအစပျိုးခြင်း

ဦးထာအုပ်သည် အကြောအဆစ်ကျွမ်းကျင်ပညာရှင် အဖြစ်ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ပခုက္ကူပြည်သူ့ဆေးရုံနှင့် ဖလမ်းချင်းပြည်နယ်အထူးကုဆေးရုံတို့တွင် (၇) နှစ်တာ တာဝန်ထမ်း ဆောင်ခဲ့ပါသည်။ အိမ်ထောင်ပြုပြီး သားသမီးနှစ်ယောက်ရပြီးနောက်တွင် အစိုးရအလုပ်မှနုတ် ထွက်ကာ ပြည်ပတွင်အလုပ်ရှာဖွေခဲ့ပါသည်။ ၁၉၉၆ ခုနှစ် ဇူလိုင်လမှ ၁၉၉၈ ခုနှစ် ဩဂုတ်လအ ထိ (၃) နှစ်တာ မလေးရှားနှင့် စက်ပူနိုင်ငံတို့တွင် အကြောအဆစ်ကျွမ်းကျင်ပညာရှင်အဖြစ်တာ ဝန်ထမ်းဆောင်ခဲ့ပါသည်။ မလေးရှားနိုင်ငံ၊ ပီနန်မြို့တွင်လုပ်ကိုင်နေစဥ်တွင် မြန်မာနိုင်ံသို့ပြန်သွားပြီး မသန်စွမ်း ကလေးများအတွက် သာသနာပြုရန်တိုက်တွန်းလာသော မစ္စတာဘဲန်နှင့်တွေ့ဆုံခဲ့ပါသည်။ သူသည်ထိုင်ဝမ်နိုင်ငံမှ မလေးရှားနိုင်ငံ၊ ပီနန်တွင် “Eden Handicap Service Centre (EHSC)” ဖွင့်ကာ မသန်စွမ်းသာသနာလာပြုနေ သော ပါစတာတစ်ယောက်ဖြစ်ပါသည်။ မသန်စွမ်းကလေးများအား ခရစ်တော်၏မေတ္တာဖြင့် ပြုစုပျိုးထောင်ပေး မည့်သာသနာလုပ်ငန်းလုပ်ရန်အမြဲအားပေး ဆုတောင်ပေးခဲ့ပါသည်။ ထိုကာလများတွင် မြန်မာနိုင်ငံ၌ လူမှုဝန် ထမ်းဦးစီးဌာနအောက်ရှိ မသန်သက်ငယ်ကျောင်းတစ်ကျောင်းသာ ရှိခဲ့ပါသည်။ ကိုယ်ခန္ဓာနှင့်ဉာဏ်ရည်မသန်စွမ်း ကလေးများအတွက် ပြင်ပကျောင်း၊ ပရဟိတလုပ်ငန်း တစ်ခုမှမရှိသေးပါ။

ဦးထာအုပ်သည် ပီနန်တွင်စတ်နှစ် စကပူတွင်နှစ်နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ် ဩဂုတ်လကုန်တွင် အမိ မြန်မာနိုင်ငံသို့ ဘုရားရှင်ခေါ်ပြီးပြလတံ့သော မသန်စွမ်းကလေးများအတွက် ဆက်ကပ်လုပ်ဆောင်ရန်ပြန်လာခဲ့ပါ သည်။ ဘုရားရှင်၏လမ်းပြမှုအတွက် ဆုတောင်ခြင်းဖြင့်စောင့်ဆိုင်းခဲ့ပြီး

ဒေါ်လီလီယံကြီး၊ အထူးပညာရေးဆရာမကြီးသည် ၂၀၁၀ ခုနှစ်အထိ မြန်မာနိုင်ငံ၏ တစ်ဦးတည်း သော အထူးပညာရေးဆိုင်ရာပညာရှင်ဖြစ်သည်။ သူသည် ၁၉၇၀ ခုနှစ်တွင် ဟမ်ဘောလ်တက္က သိုလ်၊ ဂျာမဏီနိုင်ငံမှ အထူးပညာရေးဘာသာရပ်ဖြင့် ဘွဲ့လွန်ဒီဂရီရရှိလာသူတစ်ဦးဖြစ်ပါသည်။ ပညာတော်သင်ပြီးဆုံးပြီးနောက် အမိမြန်မာနိုင်ငံသို့ပြန်လာပြီး ၁၉၇၁ ခုနှစ်တွင် လူမှုဝန်ထမ်းဦး စီးဌာနအောက်တွင် မသန်သက်ငယ်သင်တန်းကျောင်းကို ကိုယ်တိုင် အလေး (၁၄) ဦးနှင့်ဖွင့်လှစ် ကာ ပင်စင်ယူသည့်အထိ နှစ်ပေါင်း (၃၀) တိတိ ကျောင်းအုပ်လုပ်လာခဲ့ပါသည်။ ရာထူးတိုးပြီးဌာနပြောင်းနိုင်သည့် အခွင့်အရေးများကိုလည်းမယူဘဲ မသန်စွမ်းကလေးအတွက် ဘုရာရှင်သတ်မှတ်ပေးထားသောလုပ်ငန်းကို တစ် သက်လုံးတွယ်တာစွာလုပ်ဆောင်လာခဲ့ပါသည်။ ၂၀၀၀ ပြည့်နှစ် ပင်စင်ယူသည့်နှစ်တွင် ဦးထာအုပ်နှင့်လက်တွဲပြီး ဧဒင်မသန်စွမ်းရိပ်မြုံကို အတူတူတည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံ အထူးပညာရေးဆရာမများ၏မိခင်ဖြစ်သည်။