မေးခွန်း-၁။ ဧဒင်ရိပ်မြုံကိုဘယ်လိုစတင်တည်ထောင်ခဲ့သလဲ။
၂၀၀၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံတွင်ကိုယ်အဂါနှင့်ဉာဏ်ရည်မသန်စွမ်းကလေးများအတွက် လိုအပ်နေသော ဝန် ဆောင်မှုများကိုပေးနေသည့် နေရာ၊ ကျောင်း၊ ပရဟိတလုပ်ငန်း သို့မဟုတ် အဖွဲ့အစည်းမရှိခဲ့ပါ။ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနအောက်တွင်ဖွင့်လှစ်ထားသော မသန်သက်ငယ်ကျောင်း တစ်ခုသာရှိခဲ့ပါသည်။ ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံကိုစတင်တည်ထောင်သူသည် ၁၉၉၅ ခုနှစ်တွင် မလေးရှားနိုင်ငံ၊ ပီနန်တွင်ရှိသော မသန်စွမ်းကျောင်းတစ်ခုတွင် အကြောအဆစ်ကျွမ်းကျင်ပညာရှင်အဖြစ် လုပ် ကိုင်ခဲ့စဥ် မသန်စွမ်းဆိုင်ရာပရဟိတလုပ်ငန်းလုပ်ကိုင်နေသည့် မိတ်ဆွေတစ်ယောက်နှင့်သိကျွမ်းခဲ့ပါသည်။ ထို မိတ်ဆွေမှ မြန်မာနိုင်ငံသို့ပြန်သွားပြီး မသန်စွမ်းကလေးနှင့်နိုင်ငံသားများအတွက် သာသနာလုပ်ရန်တိုက်တွန်းခဲ့ ပါသည်။ သို့သော် ထိုအချိန်တွင် ဘုရားရှင်ထိမှခေါ်ယူမှုကို ကိုယ်တိုင်မသိသေးသောကြောင့် မြန်မာပြည်သို့ပြန်မ လာဖြစ်ခဲ့ပါ။
ပီနန်တွင် တစ်နှစ်တာဝန်ဖမ်းဆောင်ပြီး လစာပိုမိုကောင်းမွန်သော စကပူနိုင်ငံသို့ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ပါသည်။ စကပူ၊ စိန့်လုကာသက်ကြီးဆေးရုံတွင် အကြောအဆစ်ကျွမ်းကျင်ပညာရှင်အဖြစ် စတင်အလုပ်ဝင်ပြီးတစ်နှစ်ခွဲအ ကြာတွင် လုပ်သက်ခွင့်ယူကာ ချင်းပြည်နယ်၊ ဟားခါးမြို့ မိသားစုရှိရာသို့၊ မိသားစုနှင့်ခွဲခွာပြီး (၃) နှစ်အကြာတွင်၊ ပြန်လာကာမိသားစုနှင့်တွေ့ဆုံခွင့်ရခဲ့ပါသည်။ ကလေးနှစ်ယောက်ရပြီး မြန်မာပြည်တွင်ရရှိသောလစာဖြင့် မိသား စုကိုကျွေးမွေးရန်နှင့် သားသမီးများ၏ပညာရေးကိုပံ့ပိုးရန် ခက်ခဲသောကြောင့်ဝင်ငွေရှာဖွေရန်စတင်ထွက်ခွာစဥ် တွင် သမီးငယ်သည် (ရ) လသာရှိခဲ့ပါသေးသည်။ ယခု (၃) နှစ်နီးပါးကြာမှ အဖေနဲ့သမီးစတွေချိန်တွင် သမီးက တစ်စိမ်းထင်ပြီးကြောက်နေပါသည်။ ကိုယ်သမီးအရင်းက သူ့ဖခင်ကိုမသိဘဲကြောက်နေသည့်ခံစားချက်ကို နာ ကျင်စွာခံစားခဲ့ပါသည်။
ခွင့်ကာလစေ့ပြီးစကပူပြန်လာသည့်အခါ ဝင်ငွေရှာဖို့ဟူသည့်အကြောင်းပြချက်ဖြင့် မိသား စုနှင့်တစ်ကွဲစတ်ပြားနေထိုင်ပြီး မိမိမွေးသောကလေးများနှင့်ခွဲကာ ရှင်သန်နေရသည့်ဖခင်တစ်ယောက်၏ဘဝ သည် ဘုရားရှင်၏အလိုတော်ဖြစ်ပါ့မလာဟု စတင်တွေးကာ ဘုရားရှင်ထံလမ်းပြရန်ဆုတောင်းခဲ့ပါသည်။ စကပူ တွင်နောက်ထပ် (၂) နှစ်ကြာလုပ်ကိုင်ပြီးချိန်တွင် ဘုရားရှင်မှ မြန်မာပြည်သို့ပြန်သွား ကာ မသန်စွမ်းကလေးများ အတွက် ဆက်ကပ်အစေခံရန်စေခိုင်းလာမှုကို ကိုယ်တိုင်ရှင်းလင်းစွာလက် ခံလာခဲ့သောကြောင့် ၁၉၉၈ ခုနှစ် ဩ ဂုတ်လကုန်တွင် မြန်မာပြည်သို့ပြန်လာခဲ့ပါသည်။
ထိုအချိန်မှစပြီး ရန်ကုန်တွင်မိသားစုနှင့်အတူနေထိုင်ကာ ဘုရားရှင်ထံဆုတောင်းခြင်းဖြင့်အချိန်ယူခဲ့ပါသည်။ ဘုရားရှင်၏လမ်းပြမှုဖြင့် ဆရာမကြီးဒေါ်လီလီယံကြီးနှင့်တွေ့ဆုံခဲ့ပါသည်။ မသန်စွမ်းကျောင်းဖွင့်ရန်အတူတကွ စီမ့ချက်ရေးဆွဲကာ ပြင်ဆင်မှုပြုခဲ့ကြပြီးနောက် ၂၀၀၀ ပြည့်နှစ် ဧပြီလ (၁၈) ရက်နေ့တွင် မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ ခဝဲခြံရှိ ဒေါ်လှပန်လမ်း၊ ဆရာမကြီး၏နေအိမ်တွင် ဧဒင်ရိပ်မြုံကို စတင်ခဲ့ကြပါသည်။
မေးခွန်း-၂။ ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံကဘာတွေလုပ်နေသလဲ?
ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံ၏အဓိကလုပ်ဆောင်မှုများမှာ ကိုယ်အဂါနှင့်ဉာဏ်ရည်မသန်စွမ်းက လေးများလိုအပ်နေသောဝန်ဆောင်မှုများပေးခြင်းနှင့် မသန်စွမ်းအမြင်သစ်ကိုပြည်သူထံမိတ်ဆက်ပေးခြင်းဖြစ် သည်။ ဧဒင်ရိပ်မြုံသည် မေတ္တာဖြင့်ဝန်ဆောင်မှုပေးကာ ဂရုဏာသာသနာပြုသည့် ပရဟိတလုပ်ငန်းဖြစ်သည်။ ဤမေတ္တာပြဝန်ဆောင်မှုများတွင် အထူးပညာရေးဝန်ဆောင်မှု၊ ဦးဆောင်လမ်းပြပညာရေးဝန်ဆောင်မှု၊ ပြန်လည် ထူထောင်ရေးဝန်ဆောင်မှု၊ လူတိုင်းအကျုံးဝင်ပညာရေးဝန်ဆောင်မှု၊ လူမှုရေးဝန်ဆောင်မှု အစသည်များ ပါဝင်ပါ သည်။ မသန်စွမ်းကလေးများ၏လိုအပ်ချက်အပေါ်မူတည်ပြီး အားပြုကရိယာများပေးခြင်း၊ အခြေခံပြုစုနည်းသင် ပေးခြင်း၊ မိဘများအား သူတို့၏မသန်စွမ်းသားသမီးကို အကောင်းဆုံးပြုစုပျိုးထောင်နိုင်အောင် ပံ့ပိုးကူညီခြင်းဖြင့် မသန်စွမ်းကလေးနှင့်အတူ ပျော်ရွှင်သောမိသားစုဘဝရရှိခံစားနိုင်ရန် ကူညီ၊ ပံ့ပိုး လုပ်ဆောင်ပေးနေပါသည်။
မိသားစုအခြေပြုပညာရေးအစီအစဥ်ဖြင့် မသန်စွမ်းကလေး၏မိဘများအား စွမ်းဆောင်မှုမြှင့်တင်ပေးမည့်ဤအစီ အစဥ်သစ်ကို ဧဒင်ရိပ်မြုံမှ ဆန်းသစ်တည်ထွင်ထားသည့် အစီအစဥ်သစ်တစ်ခုဖြစ်ပါသည်။ ဤအစီအစဥ်သည် မြန်မာပြည်အနှံ့ ကျေးလက်ဒေသ၊ နေရာတိုင်းတွင်ရေထိုင်နေကြသော မသန်စွမ်းမိသားစုများအား လက်လှမ်းမီ ဆက်သွယ်ကာ လိုအပ်သောဝန်ဆောင်မှုများကိုပေးဖြည့်ဆည်းပေးမည့်အစီအစဥ်ဖြစ်ပါသည်။
မေးခွန်း-၃။ ဧဒင်ရိပ်မြုံတွင် မသန်စွမ်းကလေးများက ဘယ်လိုဝန်ဆောင်မှုများရရှိနိုင်ပါသလဲ?
ဧဒင်ရိပ်မြုံတွင်တက်ရောက်နေသော မသန်စွမ်းကလေးများသည် အောက်ဖေါ်ပြပါဝန်ဆောင်မှုများကို သက်ဆိုင် ရာကျွမ်းကျင်သူ၊ ဆရာမများထံမှ စနစ်တစ်ကျရရှိနေကြပါသည်။ ယင်းဝန်ဆောင်မှုများမှာ -
· အထူးပညာရေးဝန်ဆောင်မှုကို သက်ဆိုင်ရာဘာသာရပ်သင်တန်းတက်ရောက်ပြီးကြသောသူဆရာမများ မှသင်ကြားပေးနေကြပါသည်။
· ဦးဆောင်လမ်းပြပညာရေးဝန်ဆောင်မှုကို စနစ်တစ်ကျသင်တန်းပေးထားသော စာသင်ဆရာမများ၊ အ ကြောအဆစ်ကျွမ်းကျင်ပညာရှင်များ၊ လူမှုရေးအရာရှိများက လုပ်ဆောင်ပေးနေကြပါသည်။
· ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းဝန်ဆောင်မှုများကို သက်ဆိုင်ရာဘာသာရပ်တွင် ဘွဲ့ရရှိကြသော အကြောအဆစ်ကျွမ်းကျင်ပညာရှင်များက ဝန်ဆောင်မှုပေးနေကြပါသည်။
· လူမှုရေးဝန်ဆောင်မှုကို လူမှုရေးအရာရှိနှစ်ယောက်မှပေးပါသည်။
· ဂီတကုထုံး၊ ရေကုထုံး၊ မသန်စွမ်းအားကစားနှင့်အခြားဝန်ဆောင်မှုများ၊ မသန်စွမ်းသူများနေ့တို့တွင်ပြိုင်ပွဲ ဝင်စေခြင်း စသည်တို့ကိုလည်း အခါအားလျှော်စွာလုပ် ဆောင်ပေးနေပါသည်။
· အဟာရကြွေးမွေးခြင်း၊ လေ့လာရေးခေါ်သွားခြင်း၊ လုပ်ငန်းခွင်အကြိုသင်တန်းများစီစဥ်ပေးခြင်း၊ အွန် လိုင်းဝန်ဆောင်မှုများပေးခြင်း၊ အိမ်သို့သွားရောက်လည်ပတ်ခြင်း၊ လိုအပ်သောအခြားထောက်ပံ့မှုများပေး ခြင်း၊ လိုအပ်ပါကဆိုင်ရာဝန်ဆောင်မှုများအတွက်ညွှန်းပေးခြင်း အစရှိသည့်အခြားဝန်ဆောင်မှုများလည်း ဆောင်ရွက်ပေးနေပါသည်။
မေးခွန်း - ၄။ ဧဒင်ရိပ်မြုံအနေဖြင့် မိမိချမှတ်ထားသောပန်းတိုင်သို့ရောက်ရှိနိုင်ရန် ဘာလိုအစီအစဥ်များ ချမှတ်လုပ်ဆောင်နေပါသလဲ?
ဧဒင်ရိပ်မြုံသည် မသန်စွမ်းကလေးအပါအဝင်လူသားအားလုံး၏ လွတ်လပ်စွာရွှေးချယ်ပိုင်ခွင့်ဟူသည့်မွေးရာပါ အခွင့်အရေးကို အမြဲရိုသေတန်ဖိုးထားပါသည်။ ဖန်ဆင်းရှင်ဘုရာသခင်ကိုယ်တိုင်ပင် ကယ်တင်ခြင်းကိုအတင်း မလုပ်ဆောင်ခဲ့ပါ။ ဧဒင်ဥယျဥ်သည် မေတ္တာကိုဖေါ်ပြသည့်နေရာ၊ ကျင့်သုံးသည့်နေရာ၊ မေတ္တာကိုခံစား၊ ဝေမျှ သည့်နေရာ၊ မေတ္တာဖြင့်ဝန်ဆောင်မှုများပေးကာ အချင်းချင်းဆက်ဆံပေါင်းသင်းသည့် နေရာဖြစ်ပါသည်။ ဧဒင်၏ ဆန္ဒမှာ မသန်စွမ်းကလေးများလိုအပ်နေသောမေတ္တာကိုဖြည့်ဆည်းပေးရန်ဖြစ်ပြီး ထိုဆန္ဒသည် မိမိတို့မိသားစုဝင် ဝန်ထမ်းများ၏ကိုယ်ချင်းစာမှု၊ ကျွမ်းကျင်မှုများတွင် အမြဲထင်ဟပ်နေပါသည်။
ဧဒင်ရိပ်မြုံသည် မသန်စွမ်းကလေးများလိုအပ်နေသောမေတ္တာကို သူတို့ဆုံးရှုံးနေသောမွေးရာပါအခွင့်အရေးများ ဖြစ်သည့် ပညာသင်ကြားနိုင်ခွင့်၊ လေ့ကျင့်ခန်းဝန်ဆောင်မှုလက်လှမ်းမီရရှိနိုင်ခွင့်၊ သက်တူရွယ်တူကလေးများနှင့် ပေါင်းသင်နိုင်ခွင့်၊ မိမိတို့၏ခံစားချက်များ၊ ဆန္ဒများကိုလွတ်လပ်စွာထုတ်ဖေါ်နိုင်ခွင့် အစရှိသည်များကို အတတ် နိုင်ဆုံးဖြည့်ဆည်းပေးနေသည့် နေရာဖြစ်ပါသည်။
မေးခွန်း - ၅။ ဧဒင်ရိပ်မြုံ၏ မသန်စွမ်းကလေးကျောင်းသားများအတွက် အချိန်စာရင်းသိချင်ပါတယ်?
ဧဒင်ရိပ်မြုံ၏ရုံးချိန်သည် အခြားနည်းတု မနက် ၉း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိဖြစ်ပါသည်။ မသန်စွမ်း ကျောင်းသားများ၏ နေ့စဥ်ကျောင်တက်သည့်အချိန်ဇယားမှာ မနက် ၉း၀၀ နာရီမှ ၁၁း၀၀ နာရီအထိ ဖြစ်ပြီး ညနေပိုင်းတွင် ၁း၀၀ နာရီမှ ၃း၀၀ နာရီအထိဖြစ်ပါသည်။ ဦးဆောင်လမ်းပြပညာရေးစာသင်ခန်း (၄) ခန်းမှအပ အခြားအထူးပညာရေးစာသင်ခန်း (၆) ခန်းမှကလေးများသည် မနက်ပိုင်း သို့မဟုတ် ညနေပိုင်း၊ နေ့ဝက်သာလာ ရောက်ကြပါသည်။ ထို့အပြင် ကျောင်းသားများသည် တစ်ပတ် (၂) ရက်လာသောအုပ်စုနှင့် တစ်ပတ် (၃) ရက် လာသောအုပ်စုဟူ၍ နှစ်အုပ်စုထပ်ခွဲထားပါသည်။ ဆိုလိုသည်မှာ စာသင်ခန်းတစ်ခန်းစီတွင် မတူညီသောကျောင်း သား (၄) အုပ်စုရှိကြပါသည်။ ဦးဆောင်လမ်းပြပညာရေးစာသင်ခန်း (၄)ခန်းမှကလေးများမူ တစ်နေကုန်၊ တစ်ပတ် (၅) ရက် အချိန်ပြည့် ကျောင်းတက်ကြပါသည်။လေ့ကျင့်ခန်းသာယူသောကလေးအချို့ရှိပြီး သူတို့သည် တစ်ပတ် တစ်ခါသာလာသောသူများလည်းရှိပါသည်။
အွန်လိုင်းဖြင့်ဝန်ဆောင်မှုလက်ခံနေသော နယ်ဝေးမှမသန်စွမ်းကလေးအချို့လည်းရှိပါသည်။ ထို့အပြင် ဧဒင်ရိပ်မြုံ ၏ဆန်းသစ်တည်ထွင်ထားသော မိသားစုအခြေပြုပညာရေးအစီအစဥ်အားဖြင့်လည်း ဝန်ဆောင်မှုလက်ခံရရှိနေ သော အထူးသဖြင့်နယ်ဝေးမှ မိဘ၊ မိသားစုများလည်း ယခုနှစ်တွင် (၈၀) ရှိနေပါသည်။ ဤမိသားစုအခြေပြုပညာ ရေးအစီအစဥ်ဝန်ဆောင်မှုအတွက် အချိန်ပြည့် ပင်တိုင်ကူညီသူဝန်ထမ်း (၂) ဦးလည်းခန့်ထားပါသည်။
မေး - ဧဒင်ရိပ်မြုံတွင်ကျောင်းလာအပ်မည်ဆိုပါက ဘာတွေလိုအပ်ပါသလဲ၊
ဧဒင်ရိပ်မြုံတွင် ကျောင်းသားအဖြစ်လက်ခံနိုင်ရန်အတွက် (၁၈) နှစ်အောက် ကိုယ်အဂါနှင့် ဉာဏ်ရည် မသန်စွမ်းကလေးဖြစ်ရန်သာလိုပါသည်။ ဧဒင်ရိပ်မြုံသည် လူမျိုးမရွေး၊ ကိုးကွယ်သည့်ဘာသာမရွေး၊ အဆင့် အတန်းမရွေး၊ အသားအရောင်မရွေး၊ မသန်စွမ်းကလေးတိုင်းကို ခွဲခြားခြင်းမရှိဘဲ တန်းတူထားပြီးလက်ခံပါသည်။
ကျောင်းသားအဖြစ်အပ်နှံသည့်အခါ မွေးစာရင်း၊ ဆေးခန်း/ဆေးရုံမှပေးသော ဆရာဝန်မှတ်ချက်ပါဆေးမှတ်တမ်း၊ မိဘ၊ မိသားစုဆိုင်ရာအချက်အလက်များ လိုအပ်ပါသည်။ မသန်စွမ်းကလေး၏မှတ်တမ်းကိုစနစ်တစ်ကျမှတ်တမ်း တင်နိုင်ရန်နှင့် အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်အတွက် လိုအပ်သောအစီအမံများပြုလုပ်နိုင်ရန်အတွက် ဖြစ် ပါသည်။
မေး-၇။ ဧဒင်ရိပ်မြုံ၏လုပ်ငန်းများ ပုံမှန်လည်ပတ်နေနိုင်ရန်အတွက် လိုအပ်သောရန်ပုံငွေဘယ်လိုရှာသလဲ?
ဧဒင်ရိပ်မြုံသည် ပရဟိတလုပ်ငန်းတစ်ခုဖြစ်သည့်အတွက် လုပ်ငန်းလည်ပတ်ရန်အတွက်လိုအပ်နေသော ရန်ပုံငွေ များကို စေတနာရှင်၊ အလှူရှင်များ၏ပါဝင်မှုအပေါ် အဓိကရပ်တည်လည်ပတ်နေပါသည်။ ဆိုလိုသည်မှာ ဧဒင်ရိပ် မြုံသည် မတည်ပေးထားသောရန်ပုံငွေကိုအမှီပြု၍သော်လည်းကောင်း၊ နိုင်ငံတော်အစိုးရမှချမှတ်ပေးသောနှစ်စဥ် ဝင်ငွေအပေါ်တွင်လည်းကောင်း၊ အသင်းတောတစ်ပါးပါး၊ ဘာသာရေးအဖွဲ့အစည်းတစ်ပါးပါး၏ ငွေကြေးဆိုင်ရာ ပုံမှန်ထောက်ပံ့ပေးမှုအပေါ်တွင်လည်းကောင်း မှီခိုပြီးရပ်တည်လည်ပတ်နေခြင်းမဟုတ်ပါ။
မသန်စွမ်းကျောင်းသားများ ပုံမှန်ဝန်ဆောင်မှုရရှိနိုင်ရန်အတွက် တစ်ဦးချင်းစီ၏ကုန်ကျစရိတ်များကို လိုအပ်သလို ပံ့ပိုးပေးသော မိတ်ဖက်အဖွဲ့အစည်းများ၏ပါဝင်မှု၊ တစ်ဦးချင်းအလှူရှင်နှင်စေတနာရှင်များ၏ပါဝင်လှူဒါန်းပေးမှု၊ ဧဒင်ရိပ်မြုံမှအကောင်အထည်ဖေါ်နေသောစီမံချက်များမှရရှိနေသော စီမံစရိတ် (Admin cost)၊ ဧဒင်ဝန်ထမ်းများ မှအခါအားလျော်စွာပြုလုပ်သော ရန်ပုံငွေရှာဖွေသည့်အစီအစဥ်များမှလည်းကောင်း၊
ဧဒင်ရိပ်မြုံမှပို့ချပေးနိုင်သော သင်တန်းပို့ချခြင်းဖြင့်ရရှိသောဝင်ငွေများဖြင့်လည်းကောင်း ဤပရဟိတလုပ်ငန်းကို လည်ပတ်နေပါသည်။
မေး-၈။ သတင်းကောင်းဝေငှခြင်းသည် ဧဒင်ရိပ်မြုံပရဟိတလုပ်ငန်း၏အစီတ်အပိုင်းတစ်ခုဖြစ်ပါသလား?
ဧဒင်ရိပ်မြုံသည် ဘုရားရှင်မှမသန်စွမ်းကလေးများအား မေတ္တာပြရန်စေစားမှုကိုနာခံပြီး စတင်ခဲ့သော လက်တွေ့မေတ္တာပြသည့် ပရဟိတလုပ်ငန်းတစ်ခုဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဟောပြောခြင်းဖြင့်မဟုတ်ဘဲ လက်တွေ့မေတ္တာပြခြင်းဖြင့် ဘုရားရှင်၏အာဂါပေမေတ္တာကို မိတ်ဆက်ပေးနေသည့်ဂရုဏာသာသနာလုပ်ငန်းဖြစ် ပါသည်။ အထူးသဖြင့် နေ့စဥ်ရှင်သန်ရန်အတွက် မေတ္တာကိုဆာငတ်နေသောမသန်စွမ်းကလေးများအား ဘုရားရှင် ၏မေတ္တာဖြင့် ပြုစုပျိုးထောင်သည့်လုပ်ငန်းဖြစ်ပါသည်။
ဧဒင်ရိပ်မြုံသည်ခရစ်ယာန်၏ယုံကြည်မှုကို အခြေပြုထားခြင်းကြောင့် လုပ်ဆောင်ချက်တိုင်းသည် ယုံကြည်ခြင်း ၏အသီးအပွင့်များသာဖြစ်ပါသည်။ ခရစ်ယာန်ဖြစ်ရန်ဟောပြောစည်းရုံးခြင်းကို အတင်းမလုပ်သော်လည်း ဘုရား ရှင်၏မေတ္တာကိုလူသားတိုင်းတန်းတူခံစားနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်နေပါသည်။ မိမိတို့၏ဘုူံကြည်မှုကို သိလိုသောသူများအား မိမိတို့ယုံကြည်မှုကိုပြန်လည်ဝေငှပေးကြပါသည်။ လူတိုင်း၏လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ကို အမြဲလေးစားမှုပြုပါသည်။ အတင်းဆွဲဆောင်မှုပြုမည်မဟုတ်ပါ။ ဘုရား ရှင်၏မေတ္တာအကြောင်းမေးမြန်းလာ ပါကလည်း ဝမ်းမြောက်စွာပြန်လည်ဝေငှပြောပြသွားမည်ဖြစ်ပါသည်။
မေး-၉။ ဧဒင်ရိပ်မြုံ၏ ဝိသေသထူးခြားချက်များက ဘာတွေဖြစ်မလဲ?
ဧဒင်ရိပ်မြုံ၏ ဝိသေသထူးခြားချက်အချို့များမှာ -
- ပရဟိတလုပ်ငန်းဖြစ်နေခြင်း။ ဆိုလိုသည်မှာ မသန်စွမ်းသူများကိုကူညီလိုသူတိုင်းအတွက် မည်သူမဆို မိမိတတ်နိုင်သည့်အပိုင်းမှ အချိန်မရွေးပါဝင်နိုင်သည့်နေရာ၊ အမြဲတံခါးဖွင့်ပေးနေသည့်အဖွဲ့ဖြစ်ပါသည်။
- ဝန်ဆောင်မှုမျိုးစုံဖြင့် မသန်စွမ်းကလေးများအား ဆိုင်ရာကျွမ်းကျင်သူများဝန်ဆောင်မှုရရှိနေခြင်း။
- မသန်စွမ်းကလေးများအား ဝန်ဆောင်မှုများပေးနေသည့်နေရာသာမက မသန်စွမ်းဆိုင်ရာသင်တန်းများ၊ ပညာများကိုလေ့လာနိုင်သည့်နေရာဖြစ်နေခြင်း
- မသန်စွမ်းမှုအမြင်သစ်၊ လူတိုင်းအကျုံးဝင်ပညာရေးတို့ကို နည်းမျိုးစုံဖြင့် ပြည်သူထံအသိပညာပေးဖြန့်နေ သည့် အဖွဲ့ဖြစ်နေခြင်း
- မသန်စွမ်းမှုဆိုင်ရာ ဘာသာပြန်များ၊ စာပေများ၊ သုတေသနများ၊ စာစောင်များကိုထုတ်ဝေနေသောအဖွဲ့ ဖြစ်နေခြင်း
- မြန်မာနိုင်ငံတွင် မသန်စွမ်းမှုကတိုးတက်လာရန်အတွက် နည်းမျိုးစုံဖြင့်ပူးပေါင်းပါဝင်နေခြင်း
- ဝန်ထမ်းမိသားစုများတွင် မသန်စွမ်းဝန်ထမ်း ၁၂% ကျော်အမြဲပါဝင်နေခြင်း
- မိသားစုအခြေပြုပညာရေးချဥ်းကပ်မှုအစီအစဥ်ကို ဆန်းသစ်တည်ထွင်မိတ်ဆက်ကာ လုပ်ဆောင်နေခြင်း
မေး-၁၀။ ဧဒင်ရိပ်မြုံ၏အနာဂတ်အတွက် အစီအမံများကဘာလဲ?
ဧဒင်ရိပ်မြုံသည် မသန်စွမ်းကလေး၊ မိဘနှင့်မိသားစုများကလိုအပ်နေသောဝန်ဆောင်မှုများကို လက်လှမ်းမှီ ရရှိနိုင်ရန်အတတ်နိုင်ဆုံးဆောင်ရွက်ပေးကာ ပျော်ရွှင်သောဘဝပိုင်ဆိုင်လာနိုင်ရေးအတွက် ပန်းတိုင်ချမှတ်ပြီးလုပ် ဆောင်နေသော ပရဟိတလုပ်ငန်းဖြစ်သောကြောင့်၊ သူတို့၏လိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရန်တောင်းဆိုချက် များကို အတတ်နိုင်ဆုံး နည်းလမ်းရှာဖွေကာ အမြဲလုပ်ဆောင်နေမည်ဖြစ်သည်။ တစ်နည်းအားဖြင့် မသန်စွမ်းက လေးရှိသောမိသားစုတိုင်း ပျော်ရွှင်ချမ်းမြေ့သော မိသားစုဘဝရရှိခံစားလာနိုင်ရေးအတွက်၊ အနာဂတ်ဘဝအတွက် စိတ်ချမှုရရှိခံစားလာနိုင်ရေးအတွက် တစ်စိုက်မတ်မတ်လုပ်ဆောင်သွားမည်ဖြစ်သည်။
-
-
-
-
-
မေး-၁၁။ မသန်စွမ်းကလေးမိဘများအနေဖြင့် မိမိကလေးကျောင်းအပ်ရန် ဧဒင်ရိပ်မြုံကိုဘာဖြစ်လို့ ရွှေးချယ် သင့်သလဲ?
ဖြေ - ဧဒင်မသန်စွမ်းသက်ငယ်များပြုစုရာရိပ်မြုံတွင် မသန်စွမ်းကလေးများအတွက်လိုအပ်နေသောဝန်ဆောင်မှု များကို တစ်နေရာတည်းတွင်စုံလင်စွာရရှိနိုင်ခြင်း၊ မေတ္တာဖြင့်ဆက်ဆံပြုစုပေးသောဝန်ထမ်းများရှိနေခြင်း၊ မသန် စွမ်းကလေးသာမက မိသားစုများအားလုံး ပျော်ရွှင်သောမိသားစုများဖြစ်ရန်ဦးတည်ဆောင်ရွက်နေခြင်း၊ မသန်စွမ်း ကလေး၊ မိဘများထံမှ ဝန်ဆောင်ခကောက်ယူခြင်းမရှိဘဲ အရာရာကိုမေတ္တာဖြင့်လုပ်ပေးနေသော ပရဟိတလုပ် ငန်းဖြစ်နြေခင်းများအတွက် မသန်စွမ်းမိဘများအနေဖြင့် မိမိတို့၏မသန်စွမ်းကလေးအား ကျောင်းအပ်မည်ဆိုပါ က ဧဒင်ရိပ်မြုံကို ဦးစားပေးရွှေးချယ်သင့်ပါသည်။
- Eden Centre is a charity organization, free of charge for all services with love by staff
- There are various types of quality services delivered by related professionals, dedicated skill persons
- Eden Centre is not only service provision Centre for children with disabilities but also training Centre for both parent and staff
- Eden Centre aims to become happy family with children with disabilities
- Resourceful in terms of information, literature and human resources, etc.
- Always welcome and can sense family spirit
- Have good track record
- A Day Care Centre for all children with disabilities irrespective of race, gender, religious, color, class, language and treat equally with respect
မေး-၁၂။ ဧဒင်ရိပ်မြုံပရဟိတလုပ်ငန်းကို ဘာဖြစ်လို့ပါဝင်ကူညီရမလဲ?
Eden Centre would support because of
- A charity organization, not-for-profit
- Have a good track record
- Accountable, Transparency,
- Maintain a quality service for the student
- Status is stable, legal, and accessible