ဧဒင်ရိပ်မြုံ၏ဝန်ဆောင်မှုများ
ဧဒင်ရိပ်မြုံတွင် ကိုယ်ခန္ဒာနှင့်ဉာဏ်ရည်မသန်စွမ်းကလေးများအတွက် လိုအပ်နေသောဝန်ဆောင်မှုများကိုအတတ် နိုင်ဆုံးဖြည့်ဆည်းပေးနေပါသည်။ ထိုဝန်ဆောင်မှုများကို သက်ဆိုင်ရာကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိသူများမှ ပေးနေပါသည်။ ဧဒင်ရိပ်မြုံမှပေးနေသောဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
(က) အဓိကဝန်ဆောင်မှုများ
၁။ အထူးပညာရေးဝန်ဆောင်မှု
အထူးပညာရေးဆိုသည်မှာ မသန်စွမ်းကလေးတစ်ဦးချင်းစီအား ကလေးတစ်ဦး၏ပုံမှန်ဖွံ့ဖြိုးမှု စံနုန်းကိုအခြေခံပြီး အသေအခြာ အထူးပညာရေးဆရာမများမှ စမ်းသပ်စစ်ဆေးကာ တစ်ဦးချင်းစီ အတွက် ပညာရေးစီမံချက်ချမှတ်ရေးဆွဲကာ ထိုစီမံချက်အတိုင်း သင်ယူမှုပြုလုပ်ပေးသည့်သင်ကြား ခြင်းဖြစ်သည်။
ဧဒင်ရိပ်မြုံတွင် အထူးပညာရေးဆရာမ (၁၀) ယောက်ဖြင့် အထူးပညာရေးဝန်ဆောင်မှုကို စနစ် တစ်ကျ ပြုလုပ်ပေးနေပါသည်။
၂။ ဦးဆောင်လမ်းပြပညာရေး
ဤဝန်ဆောင်မှုနည်းသစ်ကို တရုပ်ပြည်မှ သင်ယူခဲ့နည့်နည်းသစ်တစ်ခုဖြစ်ပါသည်။ ဤနည်း သစ်တွင် မသန်စွမ်းကလေးမှအကောင်းဆုံးတိုတက်လာကာ ပျော်ရွှင်သောကလေးဘဝရရှိခံစားလာနိုင် ရန်အတွက် ကလေး၏မိဘများကိုဦးတည်ထားပြီး ဝန်ဆောင်မှုလုပ်ဆောင်ပေးပါသည်။
လက်ရှိတွင် ဤ ဌာနတွင် ဆရာမနှစ်ဦး၊ အကြောအဆစ်ကျွမ်းကျင်သူနှစ်ဦးနှင့် လူမှုရေးအရာရှိတစ်ဦးတို့က လိုအပ်သော ဝန်ဆောင်မှုများပေး နေကြပါသည်။ ဦးဆောင်လမ်းပြပညာရေးဌာနမှဝန်ထမ်းများအား မိတ်ဖက်အဖွဲ့ အစည်းဖြစ်သည့် Silver Lining Foundation (SLF) မှကျွမ်းကျင် သူများက ပုံမှန်လေ့ကျင့်သင်ကြားပေး နေပါသည်။
၃။ ပြန်လည်ထူထောင်ရေး
ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုတွင် ဘွဲ့ရ အကြောအဆစ်ကုပညာရှင် (Physiotherapist) လေးဦးက လိုအပ်သော ကြွက်သားကြီး၊ ကြွက်သားငယ်များဆိုင်ရာလေ့ကျင့်ခန်းများ ပြုလုပ်ပေးပြီး က လေး၏လှုပ်ရှားမှု အရည်အသွေးတိုးတက်ကောင်းမွန်လာရန်အတွက် အနီးကပ်၊ စနစ်တစ်ကျပြုလုပ်ပေး နေပါသည်။
၄။ လူမှုရေးဝန်ဆောင်မှုနှင့် ဆွေးနွေးအကြံပေးခြင်း
ဧဒင်ရိပ်မြုံတွင် ရန်ကုန်တက္ကသိုလ်မှ လူမှုရေးဘာသာရပ်တွင် ဘွဲ့လွန်ဒီပလိုမာအောင်မြင်ထား သော လူမှုရေးအရာရှိတစ်ဦးရှိပါသည်။ မသန်စွမ်းကလေးများနှင့် မိသားစုဝင်များအား လိုအပ်သည့်အကူ အညီများကို ကူညီဆောင်ရွက်ပေးနေပါသည်။ ထပ်ဆောင်လိုအပ်နေသော အထူးဝန်ဆောင်မှုများ၊ အား ပြုကရိယာများ၊ လိုအပ်နေစောသတင်းအချက်အလက်များရှာဖွေပေးခြင်း စသည့်လိုအပ်နေသောအရာ များကို ဆောင်ရွက်ပေးနေပါသည်။
ဧဒင်ရိပ်မြုံသည် ၂၀၂၀ ခုနှစ်ကစပြီး ကောင်စလာတစ်ဦးခန့်ထားနိုင်ခဲ့ပါသည်။ နေမကောင်း သောသူများ၊ စိတ်အာငယ်နေသောမိဘများ၊ မိသားစုဝင်များ, အခြားအကူအညီလိုအပ်နေသော မိသားစု ဝင်များ၊ ဝန်ထမ်း များအား လိုအပ်သည့် ဆွေးနွေးတိုင်ပင်အကြံပေးခြင်း၊ ဂရုစိုက်ပေးခြင်းများကို လုပ် ဆောင်ပေးနေပါသည်။
(ခ) အခြားဝန်ဆောင်မှုများ
၁။ ရေကုထုံး (Hydrotherapy) –
ကုသမှုအတွက် အထူးပြင်ဆင်ထားသော ရေကိုအသုံးပြုပြီး အမျိုး မျိုးသောလက္ခဏာများ အတွက် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို လေ့ကျင့် ကုသပေးသည့် ကုသ ခြင်းကိုဆိုလိုသည်။
၂။ ဂီတကုထုံး (Music Therapy) -
ကလေးများ၏ စိတ်ခံစားမှု၊ ဟန်ချက်ညီညီ ကိုယ်လက်လှုပ်ရှား မှု၊ ဆက်သွယ်လာနိုင်မှု စသည့်အခြေအနေများ၊ စိတ်ကူးခံစားချက် ထုတ်ဖော်လာနိုင်မှုများ ပိုမို ကောင်း မွန်၊ တိုးတက်မှုရရှိလာရန်အတွက် ဂီတ၏ထူးခြားသော ဂုဏ်သတ္တိကိုကုထုံးတစ်ခုအဖြစ် အသုံးပြုခြင်း။
၃။ အာရုံမျိုးစုံခံစားခန်း (Snoezelen / Multi-Sensory Room) -
တက်ကြွလွန်းသူများ၊ စိုးရိမ်စိတ် ကြီးသူများနှင့် အာရုံခံစားမှုလွန်ကဲ (သို့) ငုတ်လွန်းသူများအား ပြန်လည်ထိမ်း ညှိနိုင်ရန်အတွက် လူတိုင်း တွင်ရှိနေသော အာရုံငါးပါးကို ရရှိခံစားနိုင်ရန် သီးသန့်ပြင်ဆင်ထားသောနေရာ၊ ပတ်ဝန်း ကျင်ဖြစ်သည်။
၄။ မသန်စွမ်းအားကစား (Disabled Sport) -
ဧဒင်ရိပ်မြုံတွင် မသန်စွမ်းကလေးများ၏ ကိုယ်လက် လှုပ်ရှားမှုများ ကို ပေါ့ပေါ့ပါးပါးနှင့် ထိရောက်စွာလှုပ်ရှားလာနိုင်ရန်အတွက် ဆိုင်ရာကျွမ်းကျင်သူများ၏ အစီအစဥ်ဖြင့် မသန်စွမ်း ကလေးနှင့်သင့်တော်သော ကိုယ်လက်လှုပ်ရှား ကစားနည်းများကို လုပ်ဆောင် ပေးနေပါသည်။ ကိုယ်ခန္ဓာမသန် စွမ်းသူများအတွက် Paralympic, ဉာဏ်ရည် မသန်စွမ်း သူများအတွက် Special Olympic နှင့် နားမကြားသူများ အတွက် Deaflympics စသည့် မသန်စွမ်းအားကစားပြိုင်ပွဲများ အတွက်ကြိုတင်ပြင်ဆင်ခြင်းအပြင် ဖက်စုံကျန်းမာ တိုးတက်လာရန်။
၅။ အဟာရကြွေးမွေးခြင်း (Diet Food) နှင့် အခြေခံကျန်းမာရေးဝန်ဆောင်မှု (Basic health Care)
ကလေးများ ဖွံ့ဖြိုးမှုနှောင့်နှေးနေရခြင်း၏အကြောင်းများစွာအနက် အဟာရချို့တဲ့ခြင်းသည် လည်း တစ်ခုအပါအဝင်ဖြစ်ပါ သည်။ ထို့ကြောင့် ဧဒင်ရိပ်မြုံတွင် မသန်စွမ်းကလေးများအတွက် အဟာရ ဖြည့်စွက်စာကို ပုံမှန်ပြင်ဆင် ကြွေးပေး နေပါသည်။ လိုအပ်ချက်ရှိသောကလေးများအား အိမ်တိုင် ယာ ရောက် ဝန်ဆောင်မှုပေးသည်။ မသန်စွမ်းကျောင်း သားများ၏ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနှင့် ဝန်ဆောင်မှုကိုလက်လှမ်းမီရရှိနိုင်ရန် ဧဒင်ရိပ်မြုံကစီစဥ် လုပ်ဆောင်နေ သည်။
၆။ ပြင်ပလေ့လာရေးအစီအစဥ် (Excursion Trip) နှင့် အခြေခံပြုစုနည်းသင်တန်းများပြုလုပ်ပေး ခြင်း (Basic Caregiver training) –
မသန်စွမ်းကလေးများမိမိကိုယ်ကို ယုံကြည်မှုရှိ လာရန်၊ မိဘများနှင့်အတူ အများပြည်သူစည် ကားရာနေရာများ၊ ကလေးတွေစိတ်ဝင်စားမည့်နေရာများသို့ လူမှုအသိုက်အဝန်းနှင့်ရင်းနှီးရန် လေ့လာ ရေးခရီးများစီစဥ်ကာသွားလေ့ရှိသည်။ မိမိတို့မသန်စွမ်း သား/သမီးများကို စနစ်တစ်ကျ ထိရောက်စွာ ပြုစု တတ် လာရန်အတွက် မိဘများအပြင်၊ အခြား လိုအပ်နေသူများအား အခြေခံ ပြုစုနည်းသင်တန်းကို စာ တွေ့၊ လက်တွေ့ပုံမှန် ပြုလုပ်ပေးသည်။
၇။ အကျုံးဝင်မူကြိုကျောင်း (Inclusive Nursery) –
ဧဒင်ရိပ်မြုံအနေဖြင့် အကျုံးဝင်မူကြိုကျောင်းကို ယခုနှစ် မှစပြီး မြောင်းတကာရှိ ဧဒင်ရိပ်မြုံပိုင် စီဒီဒီတွင် စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ မူကြိုလုပ်ငန်းကတည်းကစပြီး မသန် စွမ်းကလေးများ အခြားက လေးများနှင့်အတူ စတင်အကျုံးဝင်သင်ယူပေးနေခြင်းကို စံပြအနေဖြင့်ဧဒင်ရိပ်မြုံမှ စတင်ပေးနေပါ သည်။
၈။ အသက်မွေးဝမ်းမှုသင်တန်းကျောင်း (Vocational Training) –
ဧဒင်ရိပ်မြုံသည် မသန်စါမ်းလူရွယ် (၁၈) နှစ် အထက်မသန်စွမ်းသူများ၊ အထူးသဖြင့်ဧဒင် ကျောင်းသားဟောင်းများအတွက်၊ လိုအပ်နေသော အကြိုသက်မွေး သင်တန်းများလုပ်ဆောင်ပေးနိုင် ရန်အတွက် အစီအစဥ် တစ်ရပ်ချမှတ်ပြီး မြောင်းတကာရှိ စီဒီဒီ တွင် လုပ်ငန်း စတင်နိုင်ရန် ပြင်ဆင် ကြိုးစားနေပါသည်။
9. Prayer Team
Our Chaplain and some staffs has formed a prayer team and regularly pray for student, parents and their family, staff and organization.
Children with Physical and Learning Disabilities
In Eden Day Care various types of services are make available for children with learning and physical disabilities. We have provided the following services by related professions, qualified and experience skill staffs.