Skip to Content

ဧဒင်ရိပ်မြုံငွေရတုသဘင် ကျေးဇူးတော်ချီးမွမ်းခြင်း

2025- ဒီဇင်ဘာ 17 by
Administrator

ဘုန်းကြီးခြင်း၊ ချီးမွမ်းခြင်း၊ ဂုဏပြုခြင်းအလုံးစုံသည် ဘုရားရှင်အတွက်သာဖြစ်ပါစေ။

ဧဒင်မိသားစုများအနေဖြင့် ဧဒင်ရိပ်မြုံ၏ငွေရတု သဘင်၊ ၂၅ နှစ်မြောက်မွေးနေ့ကျေးဇူးတော်ချီးမွမ်းခြင်း ဝတ်ပြုကိုးကွယ်ခြင်းအစီအစဥ်ကို ၂၀၂၅ ခုနှစ် ဧပြီလ (၁၈) ရက်နေ့ မနက် ၉း၀၀ နာရီ တွင် ဧဒင်ရိပ်မြုံတွင် ဧဒင်မိသားစုဝင်များနှင့် အထူးဖိတ်ကြားထားသော ဧည့် သည်အချို့ (ဆရာဦးမောင်မောင်၏ အမျိုးသမီးအန်တီ ဒေါ်သန်းထွေး (ဆရာမဝါးဝါးလူအမေ)နှင့် ဧဒင်ရိပ်မြုံဘုတ်အဖွဲ့ဥက္ကဌဖြစ်ခဲ့သူ သိက္ခာတော်ရဆရာတော်‌ ဒေါက်တာစောမာကေကြီး၏အမျိုးသမီးအတ်တီဗာစတီပန်းပိုး) နှင့်အတူ အကျဥ်းချုံးကာကျင်းပပြုလုပ် ခဲ့ပါသည်။

ဧဒင်ရိပ်မြုံစတင်ကတည်းက ဘုတ်အဖွဲ့ကိုဦးဆောင်ပေးလဲ့သော သိက္ခာတော်ရဆရာတော် စမစ်ငူလ်ဇထောင်းမှ ဓမ္မဒေသနာဟောပြော၊ ကောင်းကြီးပေးခဲ့ပါသည်။
ဧဒင်ရိပ်မြုံအနေဖြင့် နှစ်ချီအချိန်ယူပြင်ဆင်ပြီး မိဘများ၊ မိတ်ဆွေများ၊ ဝန်ထမ်းဟောင်းများ၊ အလှူ ရှင်များနှင့် အခြားဖိတ်ကြားသင့်သောသူများနှင့်အတူ ဧဒင်ငွေရတုသဘင်ကျေးဇူးတော်ချီးမွမ်းခြင်းဝတ်ပြုပွဲ ကို ကျင်းပပြုလုပ်ရန်စီစဥ်ခဲ့သော်လည်း အချိန်ကာလ၊ အခြေအနေများအရ ယခုလိုမိသားစုများဖြင့်သာ ဧဒင် ရိပ်မြုံတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ငွေရတုသဘင် ကျောက်တိုင်ကို ဧဒင်ရိပ်မြုံတွင်စိုက်ထူခဲ့ကြပါသည်။

ဧဒင်ရိပ်မြုံကို မွေဖွားပေးခဲ့ပြီး (၂၅) နှစ်တိုင်တိုင်း လမ်းပြ၊ ကောင်းကြီးပေး ပို့ဆောင်ကာ မသန် စွမ်းကလေးများ၊ မိဘများ၊ မသန်စွမ်းသူများနှင့် အခြားအကျုံးဝင်သက်ဆိုင်သူများအတွက် ဆက်ကပ်ပြီး ပျော်ရွှင်စွာအစေခံခွင့်ကိုပေးသော ဘုရားရှင်ကို ဧဒင်မိသားစုဝင်များမှ အထူးကျေးဇူးတင်ကာ စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းခြင်းဇာစ်ကို ပူဇော်ကြပါသည်။